အထင်ကြီးခြင်း အထင်သေးခြင်းက ဒင်္ဂါးတစ်ချပ်လို
ခေါင်းနဲ့ပန်း ဟိုဖက်ဒီဖက်ပဲ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
★ တချို့နေရာတွေဆိုရင်လေ ဘုန်းဘုန်းက ကလေးတွေကို
စားသင်ပေးတဲ့အခါမှာ တရားသင်ပေးတဲ့အခါကျတော့ အတန်းမှ တစ်တန်းပဲကွာတယ်။ (၁၁)တန်းနဲ့ (၁၀)တန်းဆို တစ်တန်းပဲကွာတယ်။
ဒါပေမဲ့ (၁၁)တန်းက ကလေးတွေက (၁၀)တန်းက ကလေးတွေကို မတူမတန်ဆက်ဆံတယ်။
★ (၁၀)တန်းနဲ့ (၉)တန်းဆိုရင်လေ သူက တစ်နှစ်ပဲကွာတာ
(၁၀)တန်းကလေးက (၉)တန်းကလေးကို မတူမတန်ဆက်ဆံတယ်။ တက္ကသိုလ်ရောက်သွားရင်ရော စီနီယာဖြစ်တဲ့လူက
ဂျူနီယာဖြစ်တဲ့လူကို ဘာလုပ်တုန်း။ အထင်သေးတယ်။
★ ဒို့က ၁၉၈၀ ဒို့က ၁၉၈၅၊ သူတို့က ၁၉၈၇၊ ဒို့ထက်
၂နှစ်နောက်ကျတယ်။ အဲဒီ (၂၄)လက အရမ်းကို ကမ္ဘာခြားသွားတဲ့
ပုံစံမျိုး သူတို့ကို အထင်သေးတယ်။
★ ဘုန်းဘုန်းတို့ ဘုန်းကြီးလောကထဲမှာဆိုရင် ဘယ်သူက
ဘွဲ့ဘယ်နှစ်ခုရတယ်၊ ဘယ်တစ်ပါး ဘွဲ့ပိုရတယ်။
ဒကာကလည်း နောက်ကနေမြောက်ပေး၊ ဘုန်းဘုန်းတို့ကလည်း အမြောက်ခံဆိုတော့ ဒီလိုပဲ တစ်ပါးကနေ တစ်ပါးကို
အထင်သေးတာ အဲဒါမျိုးတွေဖြစ်တယ်။
★ လောကကြီးထဲမှာ အောင်မြင်အောင်
မနည်းကြိုးစားရတယ်လေ။ ကြိုးစားပြီး အောင်မြင်
လာတဲ့အခါကျတော့ ကိုယ့်ဟာကိုယ် ယုံကြည်မှုရှိတယ်။
★ ဘုန်းဘုန်းတက်ခဲ့တဲ့ အောက်စဖို့ဒ်တက္ကသိုလ်က
အရမ်းခက်ပါတယ်။ စာအရမ်းခက်တယ်။
လန်ဒန်တက္ကသိုလ်ထက်ကို သုံးဆလောက်ခက်တယ်။
စာစီစာကုံးတွေပိုရေးရတယ်၊ စာပိုဖတ်ရတယ်၊
စာပိုကျက်ရတယ်။
★ အဲဒါကြောင့် ကျောင်းသားတွေဆိုရင်လေ undergraduate
ကျောင်းသားတွေ တနင်္လာကနေပြီးတော့ သောကြာနေ့
အလုပ်လုပ်တဲ့ ၅-ရက်၊ အလုပ်လုပ်တာတော့
၆-ရက်လောက် လုပ်ရတယ်။
၆-ရက်၊ ၅-ရက်ခွဲလောက် လုပ်တယ်ပေါ့။
★ တနင်္လာကနေပြီးတော့ သောကြာရယ်၊ နောက်ပြီးတော့
တနင်္ဂနွေနေ့ရဲ့ နေ့ခင်းကနေပြီးတော့ စလုပ်တယ်။
နားတာက စနေနေ့ တနေကုန်နားတယ်
နောက် တနင်္ဂနွေနေ့ မနက်နားတယ်။
အဲဒီ #၅ရက်ခွဲအတွင်းမှာ သူတို့က
#တစ်ရက်လောက်ကညမအိပ်ဘူး။
★ #စာကြည့်တိုက်လည်း #၂၄နာရီဖွင့်ပေးထားတယ်၊
တက္ကသိုလ်တစ်ခုလုံးမှာ စာကြည့်တိုက်(၁၀၀)လောက်ရှိတယ် ဆောက်ပေးထားတာ။ စာကြည့်တိုက်
ဒီတိုင်းဖွင့်ပေးထားတာ။
★ စာကြည့်တိုက်ထဲမှာပဲ စာကြည့်စာရေး၊ essay တွေရေး၊
အချိန်မမှီမှာစိုးလို့ တစ်ပတ်တစ်ပတ်ကို စာစီစာကုံး
တချို့ဆိုရင် တပါတ်မှာဆိုရင် နှစ်ခုရေးရတယ်၊
တချို့ဆိုရင် သုံးခုရေးရတယ်။
★ အဲဒါမျိုး ဆရာသုံးယောက် တစ်ခုစီ တစ်ခုစီ သွားပေး။
ပြီးရင် အဲ့ဆရာတွေဆီသွားရတာ တခြားကျောင်းသားတွေနဲ့။
စာမဖတ်လို့တော့ မရဘူး။ ဖတ်ပြီးတော့ မရေးလည်းမရဘူး။ အရမ်းကြိုးစားတယ်။
★ အဲလိုအရမ်းကြိုးစား အရမ်းကြိုးစားပြီးတော့
အဲဒီကျောင်းကနေ ထွက်လာတဲ့အခါကျတော့ လူက
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု confidence တွေအများကြီး
ပါလာတယ်။ ဘာရယ်လို့မဟုတ်ဘူး ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုက ပါလာတယ်။
★ အဲဒါကြောင့် အင်္ဂလန်နိုင်ငံအတွင်းမှာပဲ အလုပ်တွေဘာတွေ အင်တာဗျူးသွားတယ်ဆိုရင် သူတို့က အရမ်းကို ယုံကြည်မှုမြင့်မားတဲ့အခါကျတော့ သူတို့ကပဲရသွားတယ်။
ပြောရဲဆိုရဲ မသိတာတောင်မှ ပြောရဲဆိုရဲတယ်။
သိတယ်ဆိုရင်တော့ ပြောမနေနဲ့တော့။
★ အဲဒါကြောင့် တခြားလူတွေကလည်းပဲ သူတို့ကို မုန်းတယ်ဆိုပါတော့။ အောက်စဖို့ဒ်က ထွက်တဲ့လူတွေကလည်း
လမ်းလျှောက်လာတယ်ဆိုရင် တစ်လောကလုံးမှာ
သူတစ်ယောက်တည်း ရှိတဲ့ပုံစံမျိုးတွေ၊
အဲလိုပြောခံရတယ်။
★ Cambridge တက္ကသိုလ်ကလည်း အဲဒီအတိုင်းပဲ
သူကလမ်းလျှောက်ပြီးတော့ ၀င်လာတယ်ဆိုရင်
တစ်လောကလုံးက သူ့အကြွေးတင်တဲ့အတိုင်း
လမ်းလျှောက်လာတယ်။ အဲဒါမျိုးတွေ ပြောခံရတယ်။
★ တကယ်လည်းပဲ သူတို့က over confidence
ဖြစ်တဲ့လူတွေများတယ်၊ ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုပြီးတော့
ယုံကြည်တာ၊ ရှိတာထက် ပိုယုံတယ်။
★ ဒါက အောက်စဖို့ဒ်ရောက်တဲ့အခါကျမှ မဟုတ်ဘူး၊
တောရွာလေးထဲမှာ ကလေးတစ်ယောက်ကို ကျကျနနသင်ပေးရင် သူလုပ်နိုင်တာလေးတွေ တစ်ခါလုပ်နိုင်ရင် တစ်ခါချီးမွမ်းပေး၊
တစ်ခါ အလုပ်တစ်ခုခု ပရောဂျက်တစ်ခုခု လုပ်ခါနီးမှာ
သူ့ကို အားပေး။ အဲဒီလိုပုံစံမျိုးနဲ့ ပရောဂျက်နှစ်ခုသုံးခု
သူလုပ်ပြီးသွားရင် အဲဒီကလေးက သူ့ကိုယ်သူ
ယုံကြည်စိတ်အများကြီး ဖြစ်သွားတယ်။
★ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့စိတ်မရှိဘူးဆိုရင် ဘုန်းဘုန်းတို့
ဒီလောကကြီးထဲမှာ အလုပ်လုပ်ရတာ သူက အဆင်မပြေဘူး။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရတယ်။
ဒါပေမဲ့ #ကိုယ့်ကိုယ်ကိုယ် #ယုံကြည်တဲ့စိတ်က သူ့မှာ
side effects ရှိတယ်။ သူ့မှာ #ဘေးထွက်ဆိုးကျိုးတွေရှိတယ်။
★ အဲဒီ #ဘေးထွက်ဆိုးကျိုးကတော့ #သူများကို
#အထင်သေးတတ်တဲ့ဟာ။ ပိုက်ဆံတွေ ကုန်းကွပြီးတော့ရှာတယ်၊
စီးပွားတွေ ကုန်းကွပြီးတော့ရှာတယ်။ ပိုက်ဆံရှိလာတဲ့အခါကျတော့ ပိုက်ဆံမရှိတဲ့လူတွေကို ကိုယ်ရဲ့အမြင်က တမျိုးဖြစ်သွားတယ်။
★ ဆေးကျောင်းသားလေးတစ်ယောက် တခါ
ဆရာ၀န်မဖြစ်ခင်တုန်းကဆို စကားပြောတာ ကျနော်
ဘာလုပ်ပေးရမှာတုန်း၊ သား ဘာလုပ်ပေးရမှာတုန်း။
အရမ်းကို “ဂါရ၀ နိဝါတ” များတဲ့ကလေး။
★ သူ့ကိုယ်သူ ဆရာ၀န်လည်းဖြစ်သွားရော
အလုပ်ကောင်းလည်းရသွားရော အဲဒီမှာ ဆေးရုံမှာအလုပ်လုပ်နေတဲ့ သူနာပြုယောက်ျားတွေ၊ တွန်းလှည်းသမားတွ နောက်ပြီးတော့
physio ဘက်မှာ လုပ်တဲ့လူတွေကို သူက အရင်တုန်းက
စကားပြောတဲ့ ပုံစံမျိုးမဟုတ်တော့ဘူး။
★ ပြောတာလေ “ဟေ့ ရောင်…” ဟေ့ကောင် ခေါ်တာ၊ ဘုန်းဘုန်းက မကြားဖူးဘူး။ အဲဒါမျိုးတွေ့တဲ့အခါကျတော့ ဒီကောင်းလေး ဘယ်လိုဖြစ်သွားတုန်း။ Confidence, self-confidence
ရှိသွားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဖြစ်သွားပြီးတော့ သူများကို အထင်သေးတဲ့စိတ် ဘယ်အချိန်၀င်သွားမှန်းကို မသိတော့ဘူး။
★ ဒါ တကယ့်ကို ဂါရ၀ နိဝါတ များတဲ့ကလေး။
ငယ်ကတည်းက ထောင်လွှားထောင်လွှား ကြွကြွနဲ့ ကြွကြွနဲ့ဆိုရင်တော့ ပြောမနေနဲ့တော့။ အဲဒါမျိုးတွေ ဖြစ်တတ်တယ်။
★ #သူများကိုအထင်သေးတဲ့လူက အစောပိုင်းက ပြောသလိုပဲ #သူအထင်သေးခံရမှာအရမ်းကြောက်တယ်။
#မတော်တဆ လူတစ်ယောက်က
#သူ့ကိုလာပြီးတော့အထင်သေးရင် #အဲဒီလူ
#ချက်ချင်းပဲသူရန်သူဖြစ်သွားတယ်။ အထင်ကြီးခြင်း
အထင်သေးခြင်းက ခေါင်းနဲ့ပန်း ဟိုဖက် ဒီဖက်ပဲ၊
ဒင်္ဂါးတစ်ချပ်တည်း။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

No comments:
Post a Comment