Tuesday, October 22, 2019

င့ါလှေ ငါထိုး ပဲခူးရောက်ရောက် - အပိုင်း(၂)

င့ါလှေ ငါထိုး ပဲခူးရောက်ရောက် - အပိုင်း(၂)
★ ဘုန်းဘုန်း ၂၃ နှစ် နေခဲ့တဲ့ England မှာ အတန်းကျောင်းတွေမှာ ကလေးတွေကို ဆိုးတယ်ဆိုရင် ကလေးတစ်ယောက်က သူများကို အနှောင့်အယှက် လုပ်တယ်ဆိုရင် အဲဒီကလေးကို ကျောင်းကနေ တစ်ရက် နှစ်ရက် သုံးလေးရက် တစ်ပတ်ထုတ်ထားတယ်၊ exclusion policy ဆိုတာ ကျောင်းထုတ်တာ ဒဏ်ပေးတာပေါ့။

★ အဲဒီ ဒဏ်ပေးတဲ့နည်းကို သူတို့သုံးလာတာ ကြာလှပြီ။ တကယ် ပြဿနာဖြေရှင်းနိုင်လားဆိုတာ အခု သူတို့သိလာတယ် မဖြေရှင်းနိုင်ဘူး။
တခြားလူတွေရဲ့ ပြဿနာ ဖြေရှင်းနိုင်ရင် ဖြေရှင်းနိုင်မယ်။

★ သုံးလေးရက်စာ အဲဒီ ကျောင်းသားမရှိတဲ့အချိန် ဒါပေမဲ့ အဲဒီကျောင်းသားကို
ဒဏ်ပေးဖို့ပဲ ကိုယ်က စိတ်ထဲမှာ ရည်ရွယ်ထားပြီးတော့ သူကို ပြုပြင်ဖို့အတွက်၊ သူကို ကူညီဖို့အတွက် သဘောမထားတဲ့အခါကျတော့ သူ ကျောင်းပြန်လာရင် ဒီတိုင်း ဒီတိုင်းပဲ။

★ တခြားကျောင်းသားတွေကို ဆက်လက်ပြီးတော့ အနှောင့်အယှက် ပေးနေတယ်။
ဒါကြောင့် ဒေါသစိတ်နဲ့ ဒဏ်ပေးတဲ့ ပုံစံမျိုးထက်၊

#အကြောက်တရားနဲ့ဒဏ်ပေးတဲ့ ပုံစံမျိုးထက် #မေတ္တာနဲ့ပြုပြင်တဲ့ သဘောမျိုးက #ပိုကောင်းတယ်ဆိုပြီးတော့ ဗုဒ္ဓမြတ်စွာဘုရားက မေတ္တာအခြေခံတဲ့ တရားတွေဟောတယ်။

★ ကဲ ပြောရတာတော့ လွယ်ပါတယ်။ သူများ စိတ်ဆင်းရဲအောင် မလုပ်နဲ့။ သူများ အမြင်ကပ်အောင်မလုပ်နဲ့၊ သူများ ဒုက္ခရောက်အောင် မလုပ်နဲ့ဆိုတာ ပြောရတာလွယ်တယ်။

 ★ ဒါပေမဲ့ ကိုယ်ကိုယ်တိုင် အရမ်းကိုစိတ်ဖိစီးမှုရှိတဲ့အခါ၊ အကြပ်အတည်းတွေနဲ့
တွေ့တဲ့အခါမှာ တလောကလုံးရဲ့ ဝန်ထုပ်ဝန်ပိုးတွေက ကိုယ့်ရဲ့ ပခုံးပေါ်မှာပဲ
ရောက်လာနေသလို စိတ်ထဲမှာ ခံစားရတယ်။

★ အရမ်းကို ဝန်ထုပ်ဝန်ပိုးများတယ် အရမ်းကို စိတ်ညစ်တယ် အဲလိုအခါမှာ
အဲလိုအချိန်မျိုးတွေ အဲလိုအခါမျိူးတွေ လူတိုင်းလူတိုင်းမှာ ရှိတယ်။

★ လုပ်ငန်းခွင်မှာ ဖြစ်ရင်ဖြစ်မယ်၊ မိသားစုထဲမှာ ဖြစ်ရင်ဖြစ်မယ်၊ ဒီလို အသင်းအဖွဲ့ထဲမှာ ဖြစ်ချင်ဖြစ်မယ်၊ နိုင်ငံအတွင်းမှာ ဖြစ်ရင်ဖြစ်မယ်၊ နိုင်ငံတကာမှာ ဖြစ်ချင်ဖြစ်မယ်။ ကိုယ့်က အရမ်းကို စိတ်ဖိစီးမှုများပြီးတော့ ကိုယ့်ဟာကို နေရထိုင်ရတာ နေမထိထိုင်မသာ ဖြစ်နေတာ။

★ အဲလို အချိန်မျိုးဆိုရင် English လိုပြောတာ anti-social behaviour - သူများကို ထိခိုက်စေတဲ့ အပြောမျိုး ပြောမိတတ်တယ်။ သူများကိုထိခိုက်စေတဲ့ အရာတွေ လုပ်တတ်တယ်။ ဥပမာ - စိတ်ညစ်ညစ်နဲ့ လက်ဖက်ရည်ဆိုင် သွားတယ်ဆိုရင်ကိုယ် ကိုယ် ဆိုင်ကယ်ရပ်တာ ဘယ်လို ရပ်ထားမှာတုန်း?

★ သူများအတွက် တွေးပြီးတော့ သူများလဲ သူရပ်လို့ ကောင်းအောင်၊ ငါလဲပဲ ရပ်လို့ရအောင် အဲလိုအသိမျိုးနဲ့ ရပ်ချင်မှရပ်မှာ။ ကန့်လန့်ရပ်ထားမှာ ကားတွေ သွားရတာလဲ ခက်တယ်၊ တခြားဆိုင်ကယ်တွေ လာပြီး ရပ်ဖို့လဲခက်တယ်။ လူဝင်ရလဲ ခက်တယ်၊ အဲလို ဟာမျိုးကို လုပ်တာ။

★ အဲလို ပုဂ္ဂိုလ်ကို ကိုယ် ဘယ်လိုလုပ်မှာတုန်း? တခါတခါ ကိုယ်ကလဲ အဲလိုစိတ်မျိုး ဖြစ်ခဲ့တာကိုး။ အဲလို ပြဿနာမျိုးကို ဘယ်လို ကိုင်တွယ်ကြမှာတုန်း?

★ ဒါကြောင့် ဒီနေ့ ဘုန်းဘုန်းရဲ့ ပထမဆုံး message ကတော့ ပထမဆုံးတရားကတော့ အဲလိုလူမျိုးကို ကိုင်တွယ်တဲ့ နေရာမှာ အစွန်းနှစ်ဖက် မရောက်စေဖို့။ အစွန်းတဖက်ကတော့ သူကိုကြောက်ပြီးတော့ အလိုလိုက်လိုက်တာ၊ ဒီတိုင်းထားလိုက်တာ။ အလိုလိုက်တာ။

★ နောက်တခုကတော့ အလိုမလိုက်ဘူး၊ သူကိုသွားပြီးတော့ ရန်ဖြစ်တာ။ အကြမ်းဖက်တာ ဒီလို အကြမ်းနည်းနဲ့ပေ့ါ အင်အားသုံးပြီးတော့ သူ့ကို သွားပြီးတော့ ပြောတာ။ ဒီနှစ်ခုစလုံးက အစွန်းနှစ်ခုကို ရောက်နေပါတယ်။

★ ဆိုလိုတာက anti-social behaviour က လူ့ အသိုင်းအဝိုင်းကို ဆန့်ကျင်တဲ့၊ လူ့အသိုင်းအဝိုင်းကို ဒုက္ခပေးတဲ့ အပြုအမူမျိုးကို သည်းမခံသင့်ဘူးလို့ ပြောတာ။ သည်းမခံဘူးဆိုတဲ့ နေရာမှာ ဒုတ်နဲ့ ဓားနဲ့ အဲဒီလူကို သွား ဖြေရှင်းရမယ် ဒီလိုလဲ မဟုတ်ဘူး။

★ အဲလိုလုပ်ရင် နောက်တဖက် ဘာဖြစ်သွားလဲ၊ နောက်အစွန်းတဖက် ရောက်သွားတယ်။ အစွန်းတခုကို ရှောင်ရင်းနဲ့ နောက် အစွန်းတခုကို ရောက်သွားတယ်။ သည်းမခံဘူးဆိုတော့ သူနဲ့ထိုးမယ်၊ ကြိတ်မယ်၊ ဓားနဲ့လုပ်မယ်၊ လက်နက်တွေလုပ်မယ် အဲဲမျိုးတွေက ပြဿနာ ပြေလည်အောင် မလုပ်နိုင်ဘူး။ အလယ်အလတ်လမ်းစဉ် ရှာရမယ်။

★ အလယ်လတ်လမ်းစဉ်က ready ရှိချင်မှရှိမယ် ready made ရှိချင်မှရှိမယ် အဆင့်သင့် ရှိချင်မှရှိမယ်။ ဒါပေမဲ့ ပထမဦးဆုံး ဘာကိုမြင်အောင် ကြည့်ရမှာတုန်းဆိုတော့ ဒီနေရာမှာ ဒီပြဿနာကို ကိုင်တွယ်တဲ့နေရာမှာ ဘယ်လို အစွန်းနှစ်ပါး ဖြစ်တတ်သလဲဆိုတာကို ကိုယ့်ဟာကို ပြန်စဉ်းစားကြည့်။

★ ဒါကိုပဲ “ပဋိသင်္ခါ ယောနိသော” ဉာဏ်နဲ့ ဆင်ခြင်ပြီးတော့ မြတ်စွာဘုရား သင်ပေးထားတာ နေရာတိုင်းမှာ အသိဉာဏ်နဲ့ ဆင်ခြင်တယ်။ ကိုယ်က ဒီပြဿနာကို ဖြေရှင်းပေးချင်တယ်။ ဒီလူလုပ်တဲ့ ပြဿနာကို ဖြေရှင်းပေးချင်တယ်။

★ ဖြေရှင်းတဲ့နေရာမှာ အများအတွက်ပဲ ကြည့်ပြီးတော့ သူ့အတွက်မကြည့်ဖူးဆိုရင် ဒီလူ ပြဿနာဆက်ဖြစ်မြဲ ဖြစ်နေမှာပဲ။ ဒါကြောင့် အများအတွက် ကိုယ်က မေတ္တာထားတဲ့နေရာမှာ အဲဒီလူကို မေ့ထားလို့ မရဘူး။ ဆက်လက်ဖော်ပြပါမည်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာဓမ္မသာမိ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...