Tuesday, October 22, 2019

င့ါလှေ ငါထိုး ပဲခူးရောက်ရောက် - အပိုင်း(၃)

သနားတဲ့စိတ် မမွေးနိုင်ရင် ချက်ချင်းစိတ်ဆိုးတယ် 
★ ကိုယ်က ဒီပြဿနာကို ဖြေရှင်းပေးချင်တယ်။ ဒီလူလုပ်တဲ့ ပြဿနာကို ဖြေရှင်းပေးချင်တယ်။ ဖြေရှင်းတဲ့နေရာမှာ အများအတွက်ပဲ ကြည့်ပြီးတော့ သူ့အတွက်မကြည့်ဖူးဆိုရင် ဒီလူ ပြဿနာဆက်ဖြစ်မြဲ ဖြစ်နေမှာပဲ။ ဒါကြောင့် အများအတွက် ကိုယ်က မေတ္တာထားတဲ့နေရာမှာ အဲဒီလူကို မေ့ထားလို့ မရဘူး။

★ ဒေဝဒတ်က အရမ်းကို သောင်းကျန်းနေတယ်။ သံဃာသင်းကွဲအောင် လုပ်တယ်။ သံဃာအပါးငါးရာ တစ်ထောင် အဲလို သူက အိမ်ရှေ့မင်းသား အဇာတသတ်ရဲ့ အကူအညီနဲ့ အဇာတသတ်က ထောက်ပံတဲ့ ပစ္စည်းလေးပါး အသုံးပြုပြီး ဆွဲဆောင်တယ်။ ပါသွားတာပဲ။

★ အဲလိုလုပ်တဲ့နေရာမှာ မြတ်စွာဘုရားက ကိုင်တွယ်ပုံကိုင်တွယ်နည်း အရမ်းစိတ်ဝင်စားစရာ ကောင်းတယ်။ မြတ်စွာဘုရားက အဲဒီ ပါသွားတဲ့ ရဟန်းတော်တွေရဲ့ ဒုက္ခကိုလဲ ကြည့်တယ်။ သြော်.. သူတို့ လမ်းမှားနေပြီ။ သူတို့ကို စိတ်မဆိုးဘူး။ သူတို့ကို သနားတာ။

🔺သနားတဲ့ စိတ်မွေးနိုင်မှ သနားတဲ့စိတ် မမွေးနိုင်ရင် ချက်ချင်းစိတ်ဆိုးတယ်။

★ ဥပမာ - ဟိုဖက် မုန့်ဟင်းခါးဆိုင် တစ်ဆိုင်ရှိတယ်။ ဒီဖက် မုန့်ဟင်းခါးဆိုင် တစ်ဆိုင်ရှိတယ်။ ကိုယ့်ဆိုင် အမြဲလာစားနေကျ customer တစ်ယောက် ကိုယ့်ဆီမှာ မစားတော့ဘူး ဟိုဖက်ဆိုင်သွားစားတယ်ဆိုရင် ဒီက ဆိုင်ရှင်က စိတ်ထဲမှာ ဘယ်လိုဖြစ်တုန်း? အားငယ်တယ်။

★ အားငယ်တဲ့စိတ်၊ သိမ်ငယ်တဲ့စိတ်၊ နောက်ပြီးရင် မခံချင်တဲ့စိတ်၊ ပြီးရင် ဒေါသဖြစ်တဲ့စိတ်၊ အဲဒီစိတ်တွေ ဝင်လာတယ်။ အဲဒီစိတ်ကို ဒေါသလို့ ခေါ်တယ်၊ Destructive emotionလို့ ခေါ်တယ်။ Destructive emotion - အဖျက် သဘောဆန်တဲ့ စိတ်ခံစားမှု။ ဒေါသဆိုတာ အဖျက်သဘောဆန်တဲ့ စိတ်ခံစားမှု။

★ သူ့ရဲ့ ဖောက်သည် ဟိုဖက် ပါသွားတာကို အရမ်း စိတ်ပျက်ပြီးတော့ အားငယ်တဲ့ စိတ်ဖြစ်ပြီး အခု သူဘာလုပ်မှာလဲ? ဟိုဖက်ဆိုင်ကို ဖျက်ဆီးအောင် လုပ်မှာလား? ဟိုဖက်ရောက်သွားတဲ့ customer ကို ဖောက်သည်ကို အကျိုးယုတ်အောင် လုပ်မှာလား။ ဒါတွေက အဖျက်သဘောဆန်တဲ့ အတွေးတွေ။

★ အဲဒါကြောင့် အဲလို ကိုယ် စိတ်ပျက်သွားတယ်ဆိုရင် ကိုယ် ဘာလုပ်ရမှာတုန်းဆိုတော့ ဟိုဖက်ရောက်သွားတဲ့ ကိုယ့်ရဲ့ ဖောက်သည် ကိုယ်က ကြိုးစားပါလျက်နဲ့ ကိုယ်က တကယ်လဲ ကြိုးစားခဲ့တယ်။ ကိုယ်က ကြိုးစားပြီး ဒီမုန့်ဟင်းခါးကို ချက်ပြုတ်နေပါလျက်နဲ့ ဟိုဖက်ရောက်သွားတယ်ဆိုရင် သူရဲ့စိတ်ထဲမှာ restless ဖြစ်နေလား? စိတ်တွေ လွင့်နေလို့လား?

★ အဲဒါကြောင့်မို့ အရသာ မတွေ့နိုင်တာလား။ ဒါမျိုးလေးတွေးပေးပြီးတော့ သူ့ကို သနားတဲ့စိတ်ထားနိုင်ရင် အဲဒီလို အဖျက်သဘောဆန်တဲ့ အပြူအမူတွေ၊ အပြောအဆိုတွေ ကိုယ် မလုပ်မိတော့ဘူး။ သူကို နဂိုအတိုင်းပဲ ဆက်လက်ပြီးတော့ ဆက်ဆံတယ်။

★ ဟိုဖက်ဆိုင် သွားစားတာ သူ choice လဲ ပါတာပေါ့။ သူရဲ့ ရွေးချယ်မှု ရွေးချယ်ပိုင်ခွင့်လဲ ပါတာပေါ့။ ဟိုဖက်ကဆိုင်က ကိုယ့်ထက် ကောင်းတာလဲ ဖြစ်ချင် ဖြစ်နိုင်တယ်။ ကိုယ်လောက်တော့ မကောင်းဘူး။ ဒါပေမဲ့ စားသုံးတဲ့ပုဂ္ဂိုလ်က စမ်းကြည့်ချင်တယ် အဲဒါလဲ ဖြစ်နိုင်တယ်။

 ★ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာမှာ ကိုယ်က စိတ်တည်ငြိမ်ပြီးတော့ တောင့်တင်းခံနိုင်ဖို့ အရေးကြီးပါတယ်။ အဲဒါ အရေးကြီးတယ်။

🔺အဲဒီလို ကိုယ်ရဲ့ဒေါသ၊ ကိုယ် မကျေနပ်တဲ့စိတ် ဖြစ်လာတာ၊ ကိုယ် အားငယ်တဲ့စိတ် ဖြစ်လာတာကို ကိုယ်မသိလိုက်ဘူးဆိုရင် ကဲ ဟိုဖက် မုန့်ဟင်းခါးဆိုင် ဒီဖက် မုန့်ဟင်းခါးဆိုင် ရန်ဖြစ်ပြီ။ ရည်ရွယ်ချက် တွေမှားသွားပြီ။

★ ရည်ရွယ်ချက်က စားသုံးသူတွေ စိတ်ချမ်းသာအောင်၊ အာဟာရ ဖြစ်အောင်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ ဒီ မုန့်ဟင်းခါးဆိုင် တည်ထောင်ထားတာ။ ကိုယ့်အတွက်လဲ စီးပွား ဖြစ်အောင်၊သူတို့အတွက်လဲပဲ ကောင်းအောင်။

★ အခုကျတော့ ဒေါသဖြစ်လာတဲ့ အခါကျတော့ #စိတ်ဆိုးလာတဲ့အခါ #စိတ်ဆိုးတာကိုလဲ မသိဘူး။ #စိတ်ဆိုးတဲ့နောက် ပါသွားတယ်။ အဲဒီ negative emotion တွေ destructive emotion တွေ နောက်ကို ပါသွားတယ်ဆိုတော့ ကိုယ်ရဲ့ အပြုအမူက ဘာပဲဖြစ်ဖြစ် ဘယ်သူမှ ဂရုမစိုက်တော့ဘူး။

★ ဖောက်သည်ဟောင်းလဲ ဂရုမစိုက်တော့ဘူး။ ဟိုဖက်ဆိုင်လဲ ဂရုမစိုက်တော့ဘူး။ အဲလို ဂရုမစိုက်တဲ့ ဟာမျိုးတွေ ဖြစ်တတ်တယ်။ #စိတ်ညစ်ပြီဆိုရင် သူများကို #ဂရုမစိုက်ဖြစ်တတ်တယ်။

★ အဲလိုဖြစ်တဲ့အချိန်မှာ ကားမောင်းတဲ့လူဆိုလဲ ဟိုဖက် လမ်းကြောင်း ဒီဖက်လမ်းကြောင်း ခွပြီးတော့ အလယ်ခေါင်မှာ မောင်းလိုက်တာပဲ။ အဲလို တက်မောင်းတယ်ဆိုရင် နှစ်ဖက်စလုံးကို သူက ကာဆီးကာဆီး လုပ်တယ်။ အနှောက်အယှက် လုပ်တယ်။

★ သူကို မြင်ပြီးတော့ မော်တော်ဆိုင်ကယ်တွေက ဘယ်လို မောင်းမှာတုန်း? မော်တော်ဆိုင်ကယ်တွေလည်းပဲ ကြောင်ပြီးတော့ confused ဖြစ်ပြီးတော့ ဘယ် lane
ယူရမလဲ အလယ်ခေါင်ပဲ ယူရမှာလား? အကုန်လုံးက ထိခိုက်တယ် သူတို့ရဲ့ ဆုံးဖြတ်ချက်တွေ ထိတယ်။ ဆက်လက်ဖော်ပြပါမည်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာဓမ္မသာမိ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...